ကျင်ဒွေး PDF များ၏ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် မတူပီမြို့နယ် ကျင်ဒွေးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ်ရာ တောင်ယာတဲတစ်လုံးအား တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ အကြမ်းဖက်လက်နက်ကိုင်များ၏

-ပွိုင့် ၂၂ သေနတ် ၁ လက်
-၇.၆၂ မမ ကျည် ၃၀၀ တောင့်
-တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး
-Lap Top ၁ လုံး
-မှန်ပြောင်း ၁ လက် တို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။