ဖေဖော်ဝါရီလ ၂၉ ရက် ရခိုင်ပြည်နယ် တိုက်ပွဲသတင်းများ

၂၉ / ၂ / ၂၀၂၄ ရက်နေ့ 💥💥💥💥💥💥

(စစ်တွေမြို့နယ်)
စစ်တွေမြို့ အမြင့်ကျွန်းတံတားနှင့် ကွမ်းတောင်ရွာကြားရှိ AA အကြမ်းဖက်အဖွဲ့ဝင်များအား တပ်မတော်စစ်ကြောင်းများမှ တိုက်ခိုက်ရှင်းလင်းလျက်ရှိရာ ယနေ့နံနက်ပိုင်း ၈ နာရီခန့်မှ ၁၁ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာများမှနေ၍ ထပ်မံဆုတ်ခွာထွက်ပြေးသွားကြောင်း၊ AA အကြမ်းဖက်အဖွဲ့ဝင်များမှ တောင်ဖူးရွာမှနေ၍ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် စစ်တွေမြို့မဈေး ဟင်းရွက်သားငါးစျေးတန်း၌ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သားများ သေကြေ/ဒဏ်ရာရမှုများရှိခဲ့ကြောင်း သိရှိရ။

(ရသေ့တောင်မြို့နယ်)
ယနေ့နံနက်ပိုင်း ၁ နာရီခန့်က ရသေ့တောင်မြို့ နယ်မြေခံတပ်ဖြစ်သည့် ၅၃၆ တပ်အနီး ကံပြင်တောင်မှ တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူများဖြင့် ချေမှုန်းတိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရ။

(မောင်တောမြို့နယ်)
ယနေ့ညနေပိုင်း ၆ နာရီခန့်က ကြိမ်ချောင်း နပခ ၇ ဌာနချုပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အဆိုပါပစ်ခတ်တိုက်ခိုက်ခဲ့သည့် နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရ။

(ဘူးသီးတောင်မြို့)
ယနေ့နံနက်ပိုင်း ၉ နာရီခန့်က နယ်မြေခံတပ်ဖြစ်သည့် ၅၅၂ တပ်ရင်းအား AA အကြမ်းဖက်အဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့သောကြောင့် ၁၀ မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရ။

(ပုဏ္ဏားကျွန်းမြို့နယ်)
ယနေ့နံနက်အစောပိုင်းမှစ၍ ညနေပိုင်းထိ နယ်မြေခံ ၅၅၀ တပ်ရင်းရှိ ကာကင်းစခန်းများအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ပြန်လည်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်းနှင့် ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရ။