ဖေဖော်ဝါရီလ ၂၃ ရက် ရခိုင်ပြည်နယ်တိုက်ပွဲသတင်းများ

၂၃ / ၂ / ၂၀၂၄ ရက်နေ့ 💥💥💥💥💥💥

(ပုဏ္ဏားကျွန်းမြို့နယ်)
ယနေ့နေ့လည်ပိုင်း ၁၂ နာရီခွဲခန့်မှ ယနေ့ညနေ ၃ နာရီအချိန်ထိ နယ်မြေခံတပ်ရင်းဌာနချုပ် ၅၅၀ တပ် အား ဒရုန်းဖြင့် လာရောက်တိုက်ခိုက် ခဲ့သောကြောင့် ဒရုန်းတက်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။

(မင်းပြားမြို့)

ယနေ့နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ တတက ၉ (ကမ်းနီ) လေ့ကျင့်ရေးကျောင်း အနီးရှိ လုံခြုံရေးကင်းစခန်းများအား AAအကြမ်းဖက်အဖွဲမှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ယနေ့ညပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများဖြင့် အပြင်းအထန် တိုက်ခိုက်ချေမှုန်းလျက်ရှိနေကြောင်း သိရှိရသည်။

(မောင်တောမြို့နယ်)

ယနေ့နံနက်ပိုင်း ၈နာရီအချိန်မှစ၍ ကြိမ်ချောင်းနယ်မြေရုံး၊ ရန်အောင်ပြင်လမ်းဆုံလုံခြုံရေးစခန်း၊ ရန်အောင်ပြင်ရဲကင်းစခန်း တိုအား AAအကြမ်းဖက်အဖွဲမှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲဝင်များ၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှု၊ တိုက်လေယာဉ် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ချေမှုန်းမှု၊ ပစ်ခတ်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့မှုတိုကြောင့် ညနေပိုင်းတွင် နှစ်ဖက်အပစ်ရပ်ပြီး သောင်းကျန်းသူများ ဒဏ်ရာရသေဆုံးများစွဖြင့် ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရှိရသည်။

(ရမ်းဗြဲမြို့နယ်)
ယနေ့နံနက်ပိုင်းက ရမ်းဗြဲမြို့၊ လောင်ချောင်းလမ်းဆုံတွင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် ကလျာနီသိမ်တောင်ကုန်းအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နေ့လည်ပိုင်းအချိန်၌ နောက်ထပ်စစ်ကူစစ်ကြောင်း ပင်မတပ်နှင့် ပူးပေါင်းသွားနိုင်ပြီဖြစ်ကြောင်းနှင့် အဆိုပါစစ်ကြောင်းများမှ လိုက်လံရှင်းလင်းခြင်း၊ သောင်းကျန်းသူခိုအောင်းရာနေရာများနှင့် လာရောက်တိုက်ခိုက် နေသည့်နေရာများအား လေကြောင်းမှတိုက်ခိုက်ချေမှုန်းခဲ့ခြင်းတိုကြောင့် AA အကြမ်းဖက်အဖွဲ့ ဖွဲစည်းပုံပျက်ကာ မြို့မှထွက်ပြေးနေပြီဖြစ်ကြောင်း သိရှိရသည်။

(ဘူးသီးတောင်မြို့နယ်)
ယနေ့နံနက်ပိုင်းမှ ၈ နာရီခွဲခန့်မှစ၍ တောင်ဘဇာနယ်မြေခံတပ် ၅၅၂ အား AA အကြမ်းဖက်အဖွဲ့မှ လာရောက်တိုက်ခိုက်နေသောကြောင့် တစ်နေ့လုံးနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ည ၈ နာရီအချိန်၌ နှစ်ဖက်အပစ်ရပ်ကာ ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို/ရွာများအား PDF အကြမ်းဖက်အဖွဲများဖြင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း၊ အများပြည်သူနေထိုင်ရာ နေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှိဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်များအား ကျောင်းမတက်ခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်း၍ သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်လျက် ရှိနေသည်။

#Crd