မက်ဆီကို စွန့်စားအသုံးပြုမည်မဟုတ်ဟု မာတီနို ပြောကြား

အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက တိုက်စစ်မှူး မက်ဆီကို စွန့်စားအသုံးပြုမည် မဟုတ်ဟု ပြောကြားခဲ့သည်။ 

မက်ဆီသည် အာဂျင်တီးနားအသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ချက်ချင်းဆိုသလို အမေရိကန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ 

၎င်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကစားခဲ့သည့် အင်တာမိုင်ယာမီနှင့် ချာလော့တီအသင်းတို့၏ပွဲစဉ်ကို အားပေးကြည့်ရှုခဲ့သည်။
အင်တာမိုင်ယာမီအသင်းသည် ရာသီအဆုံးသတ်ပွဲစဉ်အဖြစ် ယင်းအသင်းနှင့်ပင် အောက်တိုဘာ(၂၁)ရက်၌ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း မက်ဆီကို စွန့်စားအသုံးပြုမည်မဟုတ်ဟု မာတီနိုက ပြောကြားခဲ့ခြင်းဖြစ်သည်။