အကြမ်းဖက်အားပေး တစ်ဦးအား ဖမ်းဆီးရရှိ

❝❛အရေးတော်ပုံ နိုင်ကိုနိုင်မှဖြစ်မယ်❜ ဆိုတဲ့ စစ်ကိုင်းမြို့က အကြမ်းဖက်အားပေးတစ်ယောက် လုံခြုံရေးတပ်ဖွဲ့တွေလက်ထဲရောက်❞

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်ကွက်၊ တောင်ဘော်ဂါရပ်၊ ကျောက်ဝိုင်းအနီးမှာနေထိုင်တဲ့ အကြမ်းဖက်အားပေးတစ်ယောက်ကို လုံခြုံရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၂၀ ရက်မှာ ၎င်းရဲ့နေအိမ်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းအရ သိရပါတယ်။

ဖမ်းဆီးရမိသူက ကျောက်လုပ်ငန်းလုပ်ကိုင်တဲ့ စံရွှေမြင့် (၃၈) နှစ်၊ (ဘ) ဦးကျော်မင်း ဆိုသူဖြစ်တယ်လို့ သိရပြီး ၎င်းဟာ Sai Zaw အမည်ရှိ Facebook အကောင့်နဲ့ အကြမ်းဖက်အားပေး ဝါဒဖြန့်လှုံ့ဆော်နေတာကြောင့် ယခုလို ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။

ကနဦးစစ်ဆေးချက်တွေအရ ၎င်းကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းထဲကနေ We Support စာသားပါ ပရိုဖိုင်ပုံများ၊ နွေဦးတော်လှန်ရေးစာသားပါ ပရိုဖိုင်ပုံများ၊ Federal Army စာသားပါ ပရိုဖိုင်ပုံများ အပြင် ❛တိုက်ရဲလား၊ တိုက်ရဲရင်တိုက်ဖို့ပြင်ပါ၊ မတိုက်ရဲရင် တိုက်မယ့်သူကိုကူညီပါ၊ အရေးတော်ပုံ နိုင်ကိုနိုင်မှဖြစ်မှာနော်❜ ဆိုတဲ့ စာသားတွေကို ရေးသားဖြန့်ဝေထားတာ တွေ့ရတာကြောင့် ထပ်မံစစ်ဆေးမှုတွေပြုလုပ်ပြီး အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

𝙢𝙝𝙩𝙣𝙚𝙬𝙨