ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းမြို့သွား ကားလမ်းတစ်လျှောက် NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းများအား အများပြည်သူ ဘေးအန္တရာယ်မရှိစေရေး ဖယ်ရှားရှင်းလင်း

ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကမမောင်းမြို့သွား ကားလမ်းတစ်လျှောက်၌လည်း အကြမ်းဖက်သမားများက လက်လုပ်မိုင်းများထောင်ထား
ကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၈ နာရီခွဲမှ နေ့လယ်
၁ နာရီခွဲအထိ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါ ကားလမ်းဝဲ/ယာတစ်လျှောက်မှ ၅ ဂါလံပုံးဖြင့် ပြုလုပ်ထားသည့်
ဒေသန္တရလက်လုပ်ဆွဲမိုင်း ၂၃ လုံး၊ ပလပ်စတစ်ထမင်းဘူးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရဆွဲမိုင်း ၂ လုံး၊ စနက်တံ ၁၇ ခုနှင့် ဆက်စပ်ပစ္စည်း
များအား ထပ်မံရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး အများပြည်သူ အန္တရာယ်မဖြစ်ရေး သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့တယ်လို့ သိရှိရပါတယ်။