ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်းသားများအလိုရှိသည်

၁။ လျှောက်ထားသူသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-

    (က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။

    (ခ) လျှောက်ထားသူသည် ၁၂-၁၂-၂၀၂၂ ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်ပြီး ၁၉ နှစ် ၆ လထက်မကြီးရ။

    (ဂ) တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူဖြစ်ရမည်။

    (ဃ)မျက်မှန်တပ်ဆင်ထားသူများမဖြစ်စေရ။

    (င) အနည်းဆုံးအရပ်(၅)ပေ(၂)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)ထက်မနည်းရ၊ ပေါင်(၁၄၀)ထက်မကျော်ရ။

၂။ လျှောက်လွှာများအား နီးစပ်ရာတပ်/ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ဖြစ်စေ (Myawady Webportal (www.myawady.net.mm/Sgt(male))တွင် Download ရယူ၍ဖြစ်စေ အောက်ပါ စာရွက်စာတမ်းများနှင့်အတူ ၁၈-၁၀-၂၀၂၂ ရက်နေ့မှ ၃၀-၁၁-၂၀၂၂ ရက်နေ့အတွင်း နီးစပ်ရာတပ်/ဌာနချုပ်များသို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားရမည်-

    (က)နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။

    (ခ) တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်။

    (ဂ) အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ တင်ပြသည့်နေ့  မတိုင်မီ တစ်လအတွင်း ရရှိသည့် ထောက်ခံစာ (မူရင်း)။

    (ဃ)တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။

    (င) အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)(မိတ္တူ)။

    (စ) မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံချက်။

၃။      သတ်မှတ်ချက်များနှင့် ပြည့်စုံသူများအား စစ်ဌာနချုပ်များ အစီအစဉ်ဖြင့် တပ်မတော်(ကြည်း)၊ အမှတ်(၁)အရာခံနှင့် အကြပ်ကြီး သင်ကျောင်းသို့ ပို့ဆောင်ပေးမည်။ ၎င်းင်းတွင် စစ်ဘက်ဆိုင်ရာ ဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးအောင်မြင်သူများကို သင်တန်းသားအဖြစ် အတည်ပြုရွေးချယ်မည်။

၄။      သင်တန်းတွင် အခြေခံစစ်ပညာရပ်များ၊ ရုံးလုပ်ငန်း ဆိုင်ရာတို့အပြင် ကွန်ပျူတာနှင့်အ င်္ဂလိပ်စာ ဘာသာရပ်တို့ကို ၂ နှစ်ကြာ သင်ကြားလေ့ကျင့်ပေးပြီး အောင်မြင်သူများကို ကွန်ပျူတာဒီပလိုမာ Dip,C.S(Diploma in Computer Studies)ချီးမြှင့်ပေးမည်။

၅။      သင်တန်းကာလ(၂)နှစ်အတွင်း ခြေလျင်တပ်သားသစ် သင်တန်းကာလတွင် သတ်မှတ်ထားသော တပ်သားသစ်လစာ(၁၄၄၀၀၀)ကျပ်ကို လည်းကောင်း၊ ခြေလျင်တပ်သားသစ် သင်တန်းပြီးဆုံးသည့်ရက်မှစ၍ သင်တန်းပြီးဆုံးသည်အထိ သတ်မှတ်ထားသော တပ်သားအခြေခံလစာ(၁၅၀၀၀၀)ကျပ်ကို လည်းကောင်း ရရှိမည်။ သင်တန်းအောင်မြင်ပြီးလျှင် တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)(တတိယတန်း) အခြေခံ လစာ(၂၀၄၀၀၀)ကျပ်၊ အရည်အချင်းလစာ(၄၀၀၀)ကျပ်နှင့် စရိတ်များ ခံစားခွင့်ရရှိမည်။

၆။      လုပ်သက် ၂ နှစ်ပြည့်သည့်အခါ အဆင့်/အတန်း တိုးမြှင့်ရေးအတွက် ဝင်ရောက်ဖြေဆိုခွင့်ရှိ၍ အောင်မြင်ပါက အောက်ပါအတိုင်း အဆင့်/အတန်းများ တိုးမြှင့်ရရှိနိုင်ပြီး ယှဉ်တွဲဖော်ပြပါလစာနှင့် သတ်မှတ်စရိတ်များ ခံစားခွင့်ရှိမည်-

                              အဆင့်အတန်း                                            အခြေခံ             အရည်အချင်း    ပေါင်း

                                                                                                   လစာ                   လစာ

    (က) တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ဒုတိယတန်း)        ၂၀၄၀၀၀             ၆၀၀၀           ၂၁၀၀၀၀

    (ခ)   တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ) (ပထမတန်း)          ၂၀၄၀၀၀            ၈၀၀၀           ၂၁၂၀၀၀

    (ဂ)   ဒုတိယအရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                      ၂၄၀၀၀၀             ၈၀၀၀           ၂၄၈၀၀၀

    (ဃ) အရာခံဗိုလ် (စာရေး/ကွန်ပျူတာ)                                 ၂၅၈၀၀၀             ၈၀၀၀           ၂၆၆၀၀၀

          မှတ်ချက်။     နှစ်တိုးလစာကို ၂ နှစ်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် (၁၀၀၀၀)ကျပ်အထိ ခံစားခွင့်ရှိသည်။

၇။   တာဝန်ထမ်းဆောင်စဉ် အဝေးသင်တက္ကသိုလ်မှ ဘွဲ့ရရှိနိုင်ရေး အတွက် ဆက်လက်ဖြေဆိုနိုင်သည်။

၈။ ဘွဲ့ရရှိပြီးသူ တပ်ကြပ်ကြီး(စာရေး/ကွန်ပျူတာ)များသည် စစ်မှုထမ်းသက် ၆ နှစ်ပြည့်ပြီးလျှင်သော် လည်းကောင်း၊ ဘွဲ့မရသေးသူများသည် စစ်မှုထမ်းသက် ၈ နှစ်ပြည့်ပြီးလျှင်သော် လည်းကောင်း ဗိုလ်လောင်းသင်တန်းသို့ လျှောက်ထားနိုင်သည်။

၉။      ထို့အပြင် ဘွဲ့ရရှိပြီးသူ တပ်ကြပ်ကြီး (စာရေး/ကွန်ပျူတာ)များသည် စစ်သံစစ်မှုထမ်း စာရေးအဖြစ် စိစစ်ရွေးချယ်ခံရပါက နိုင်ငံခြားရှိ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးများတွင် မိသားစုနှင့်အတူ သွားရောက်၍ အမှုထမ်းဆောင်နိုင်ခွင့် ရှိသည်။

မှတ်ချက်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ တပ်/ဌာနချုပ်များတွင် စုံစမ်းနိုင်သည်။