PDF အမည်ခံအကြမ်းဖက်သမားများက ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ Drone ယာဉ် အသုံးပြု၍ လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချတိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ် အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်
သမားများက Drone ယာဉ် အသုံးပြု၍ လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကံကျေးရွာအလယ်တန်းကျောင်း
အတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အလျား ၁၂၀ ပေ၊ အနံ ၆၀ ပေရှိ စာသင်ဆောင်၏ မျက်နှာကြက်နှင့် သွပ်မိုးများ ပေါက်ပြဲပျက်စီးခဲ့ပြီး
ကျေးရွာတွင် နေထိုင်လျက်ရှိသော အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရကလေးငယ်အား
ဘုန်းကံကျေးရွာ ကျေးလက်ဆေးပေးခန်း၌ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့လို့ သိရှိရပါတယ်။

PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေလျက်ရှိတယ်လို သိရပါတယ်။