ကယားပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်နေစဉ် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ

ကယားပြည်နယ် လွိင်ကော်မြို့ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနား ကျင်းပနေစဉ် ဒီဇင်ဘာ ၁၅ရက်နံနက်ပိုင်းက KNPP အဖွဲနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အပြစ်မဲ့အရပ်သားပြည်သူ တစ်ဦး သေဆုံး

ဖြစ်စဉ်မှာ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ဒေသခံတိုင်းရင်းသား ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့်နေရာသို KNPP အဖွဲနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဒီဇင်ဘာ ၁၅ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိင်ကော်မြို၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်သဖြင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့်-

  • အရပ်သား ၁ ဦးသေဆုံး
  • ရဲတပ်ဖွဲဝင် (၂) ဦး၊
  • ကျောင်းသား/သူ (၆) ဦး၊
  • အရပ်သား (၂)ဦး တို့(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ သိရပါတယ်ရှင်။