ချင်းပြည်နယ်၊ ဟားခါးမြို့နယ် မှာ စကစ ၃၀ ကျော်သေဆုံးပြီး ကား ၅ စီး ပျက်စီးကာ စွန့်ပစ်ခဲ့ရတယ်လို့ Khit Thit Media Page သတင်းအမှားထုတ်ပြန်

Khit Thit Media Page မှ ဧပြီလ ၁၃ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ကား ၂ စီးနဲ့ ယာဉ်တန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CNA နဲ့ မဟာမိတ်တပ်များက ပူးပေါင်းဖျက်ဆီးနိုင်ခဲ့လို့ စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့အကြိမ်ကြိမ်တိုက်ခိုက်မူကိုခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင် သုံးဆယ်ဝန်းကျင်သေဆုံးခဲ့သလို ကားငါးစီးကိုလည်း လမ်းမှာစွန့်ပစ်ခဲ့ရတယ်လို့ လူမှုကွန်ရက်ပေါ်တွင် တွေ့ရှိခဲ့ရပါတယ်။

၎င်းသတင်းအား စိစစ်ရာတွင် — ဧပြီလ ၁၃ ရက်နေ့က ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးတွင် စကစ တပ်များနှင့် PDF တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစတပ်ဖွဲ့ဝင် ၅ ဦး ထိခိုက်ဒဏ်ရာရှိကာ ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်အမှန်မရေးဘဲ Khit Thit Media Page မှ တစ်စိတ်ကိုတစ်အိတ်လုပ်ကာ စကစတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးပြီး ကား ၅ စီး ကိုလမ်းမှာစွန့်ပစ်ခဲ့တယ်လို့ သတင်းအမှားဖြင့်မဟုတ်မမှန်ဖော်ပြထားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

False-News

FACT CHECK