ကျုံအိတ်တံတား ပြုပြင်နေစဉ် KNU/PDFများနှောင့်ယှက်ပစ်ခတ်

ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က သထုံမြိုနယ်နှင့် ဘီးလင်းမြိုနယ်နယ်စပ် မော်လမြိုင်-ရန်ကုန် ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားအား ပြန်လည် ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁နာရီခွဲအချိန်ခန့်တွင် KNU/PDF အကြမ်းဖက်အဖွဲ့များက ရွှေရောင်ပြကျေးရွာဘက်မှ ၄၀ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
KNU/PDF အကြမ်းဖက်သမားများ၏ ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ တံတားအနီးကျရောက်ပေါက်ကွဲခဲ့သော်လည်း လူ၊ ပစ္စည်းထိခိုက်မှုမရှိကြောင်း သိရှိရပြီး KNU/PDF အကြမ်းဖက်အဖွဲ့များသည် ကျိုက်ထို နှင့် ဘီးလင်းမြို့နယ်များတွင် အကြမ်းဖက်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါတယ်။

MyanmarNationalPost