မိုင်းဆတ်မြို့နယ်တွင် လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၈ ရက်က ရှမ်းပြည်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် နားလောင်းကျေးရွာအနီး မူးယစ်ဆေးဝါးများ
ချက်လုပ်နေကြောင်း သတင်းရရှိသဖြင့် သွားရောက်ရှင်းလင်းရာ နားလောင်းကျေးရွာနေ ကျကော်ခါးနှင့်
အယ်ပါးတို့၏ နေအိမ်အတွင်းမှ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရရှိခဲ့ကြောင်း
သိရပါတယ်။
ပစ္စတို…………၃ လက်
ဝမ်ချက်စတာ…၂ လက်
အမ်(၂၁)………၁ လက်
အမ်(၂၂)………၁ လက်
ကာဘိုင်………၁ လက်
တစ်လုံးထိုးသေနတ်………၂ လက်
ကျည်အိမ်မျိုးစုံ…………၂၉ ခူ
ကျည်မျိုးစုံ………………၈၅၉ တောင့်
လက်ပစ်ဗုံး……………၅ လုံး
နင်းမိုင်း………………၁ လုံး
ဆေးပြားရိုက်စက်……၁ လုံး
စိတ်ကြွဆေးပြား………၄၉၀၀၀၀ ပြား
ဘိန်းစိမ်း………………၃၂.၆၆ ကီလိုဂရမ်
မူးယစ်ဆေးဝါးတန်ဖိုးကျပ် ၂၉၅၁ သိန်းကျော်သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်..