ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်တွင် လက်နက်/ခဲယမ်းနှင့်အတူ မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် စစ်ကိုင်းတိုင်း၊
ခန္တီးမြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒေသခံ
ပြည်သူများ၏ သတင်းပေးချက်အရ ခန္တီးမြို့၊
ဇီးဖြူကုန်းရပ်ကွက်ရှိ ဦးမျိုးသန့်၏ နေအိမ်အား
ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ခန္တီးမြို့၊ ဇီးဖြူ
ကုန်းရပ်ကွက်နေသူ ဦးဌေးလင်းအား နေအိမ်
စတိုခန်းအတွင်း သိမ်းဆည်းထားသော မူးယစ်
ဆေးဝါးများနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့
သည်-
(က) ၇.၆၂မမကျည် ၂၇တောင့်
(ခ) ၅.၅၆မမကျည် ၂၅၇တောင့်
(ဂ) ၈၅.၂ကျည် ၅တောင့်
(ဃ) ၉ မမ ကျည် ၁တောင့်
(င) ပစ္စတိုသေနတ်ထည့်သည့်သားရေအိတ် ၅ အိတ်
(စ) ဘိန်းဖြူဟုယူဆရသောဖြူ/ ဝါရောင်စပ်
ကြားမှုန့် ၉ ဂရမ်ခန့်ပါ ဆပ်ပြာခွက်(၄)ခွက်တို့အား သိမ်းဆည်းရမိခဲ့သည်။

ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်နေသူ ဦးဌေးလင်း
အား ဆက်လက်စစ်ဆေးမေးမြန်ခဲ့ရာ ခန္တီးမြို့၊
ပေါင်မိုင်းရပ်ကွက်ရှိ “နယူးစတား” တည်းခိုးခန်း
၌ တည်းခိုးလျက်ရှိသော ဦးနိုင်ဝင်းအား ဖမ်းဆီး
ရမိခဲ့ပြီး ၎င်းတရာခံအား စစ်ဆေးမေးမြန်ချက်
အရ ခန္တီးမြို့၊ ဇီးဖြူးကုန်းရပ်ကွက်တွင်၊ ဦးပါကွေး၊
ဦးရှန်ကြီးမှုန်၊ ဦးကြိမ်လာ၊ ဦးပင်ထောင်တို့အား
ဘိန်းဖြူ၊ ၉ ဂရမ်ခန့်ပါ ဆပ်ပြာခွက် (၁၁)ခွက်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရာခံ ၆ ဦး၏ ထွက်ဆိုချက်အရ ခန္တီး
မြို့နယ်၊ အောင်သာယာကျေးရွာအနီး ချင်းကွင်း
မြစ်ကမ်းဘေးတွင် လက်နက်များ သိုဝှက်ထား
ကြောင်းသိရ၍ သွားရောက်ရှာဖွေခဲ့ရာ ကိုင်းပင်
များအတွင်း ဆာလာအိတ်ဖြင့် ထည့်ထားသည့်

  • AK-47သေနတ် ၁ လက်၊
  • ၄င်းကျည်းအိမ် ၁ ခု၊
  • ၇.၆၅ကျည် ၂ တောင့်၊
  • ၉ မမ စတင်းသေနတ် ၁ လက်၊
  • ကျည်အိမ် ၁ ခု၊
  • ၉ မမပစ္စတို ၉ လက်နှင့်
  • ကျည်အိမ် ၉ ခု
    တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါတယ်။