ဆောင်းတွင်း သခွားစိုက်ပျိုးနည်းနှင့် မျိုးစေ့ထုတ်ယူနည်း

သခွားသီးကို အစိမ်းစားနှင့်အမှည့်စားဟူ၍ခွဲခြားနိုင်ပြီး ဒေသမျိုးများသည်အရွယ်အစား ပိုမိုကြီးမားပြီး မိုးတွင်
စင်တင်စိုက်ပျိုးပြီး ဆောင်းတွင်မြေလွတ်စိုက်ပျိုးကြသည်။
(၁) မျိုး
ရာသီကိုလိုက်၍ မိုးသခွား၊ ဆောင်းသခွားဟူ၍ခွဲခြားနိုင်သည်။မိုးသခွားသည်
ပင်မအပြင်ဘေးကိုင်းမှလည်းအသီးထွက် များပါသည်။ အလုံးကြီးမျိုးများဖြစ်သည်။ ဆောင်းသခွားသည်
အမြစ်ဆင်းအားကောင်းသည်။ ရေငတ်ဒဏ်ကိုခံနိုင်သည်။ပင်စည်မပေါ်တွင် သီးအားပိုများပြီး
အေး၍ခြောက်သွေ့ဒဏ်ခံနိုင်သည်။ဆောင်းသခွားများသည် အလုံးသေးမျိုးများဖြစ်ပြီး နေ့တာတိုရှည်ကိုခံနိုင်၍
အသီးတင်နိုင်သည်။ စပ်မျိုးများမှာ ရာသီဥတု၊မြေနှင့်အခြားသီးပွင့်မှုကိုမှုတည်၍ အမျိုးမျိုးရှိနိုင်သည်။
တစ်ပိုင်တစ်နိုင်စိုက်ပျိုးရန်အတွက် ဒေသမျိုးများကို ရောဂါဒဏ်ရာသီဥတုဒဏ် ခံနိုင်သည့်အပြင် စင်တင်စိုက်ပျိုးထားပါက
ခူးဆွတ်ချိန်ကာလ ကြာကြာခူးရ၍စိုက်သင့်ပါသည်။
(၂) ရွှေ့ပြောင်းစိုက်ခြင်းနှင့်အပင်အကွာအဝေး
ဒေသမျိုးများကိုတိုက်ရိုက်အစေ့ချပြီး စိုက်လေ့ရှိသည်။အစေ့ကိုမြေပါးပါးသာဖုံးသင့်ပြီးအစေ့ကိုအညှောင့်ဖောက်၍
ချသင့်သည်။ အစေ့ချပြီးပြီးချင်း ရေဝအောင်လောင်းပေးရန်လိုပါသည်။ အလုံးကြီးများကို ကျင်းစိုက်နှင့်စင်တင်
စိုက်စနစ်များဖြင့် တစ်ပင်နှင့်တစ်ပင် ၁-၃ ပေ၊ တစ်တန်းနှင့်တစ်တန်း ၇-၅ ပေ ခွာ၍စိုက်ပါ။တိုင်ထောင်မျိုးအလုံး
လတ်၊သေး၊နိုင်ငံခြားစပ်မျိုးများကို ၄-၅ လက်မပျိုးအိတ်ဖြင့် ပျိုးထောင်၍ ၁၂ ရက်သားတွင် စိုက်ခင်းသို့ရွှေ့စိုက်ပါ။
တစ်ပင်နှင့်တစ်ပင် ၁-၁.၅ ပေ၊ တစ်တန်းနှင့်တစ်တန်း ၄ ပေခွာ၍ စိုက်ရမည်ဖြစ်ပြီး ၁ ဧကလျှင်အပင်ဦးရေ
(၆၀၀၀-၁၀၀၀၀)ခန့်ရရှိအောင်စိုက်ပျိုးပါ။
(၃) မြေသြဇာထည့်သွင်းခြင်း
အပင်ကျဲကျဲစိုက်ပျိုးပြီး သဘာဝ မြေသြဇာတစ်မျိုးတည်းကိုသာ သုံးကြသည်။ ဓါတ်မြေသြဇာများကို တွဲဖက်
သုံးခြင်းဖြင့်သီးထွက်အားပိုကာင်းလာနိုင်သဖြင့် ပို၍ကြာကြာခူးဆွတ်နိုင်ပါသည်။ သက်တမ်းပိုငယ်သော စပ်မျိုးသခွား၊
ချဉ်ဖတ်သခွား၊ ခေါင်းစိမ်းသခွား၊မိုးသခွား၊ဆောင်းသခွားများကို စီးပွားဖြစ် စိုက်ပျိုးပါက ယူရီယား ၃ အိတ် မှ ၄ အိတ်၊
တီစူပါ ၄ အိတ်၊ ပိုတ်ကရှ် ၄ အိတ်သုံးစွဲရန်လိုအပ်ပါသည်။
(၄) အပင်ပြုစုခြင်း
သခွားစိုက်ပြီး ၁၅ ရက်မှ ၂၀ ရက်အတွင်း၊ ပေါင်းတစ်ကြိမ် လိုက်ပေးရပါမည်။ သက်တမ်းတလျှောက်အခြေအနေအရ
၂ ကြိမ်၊ ၃ ကြိမ် ပေါင်းလိုက်ပေးရမည်။ အပင်ကလေးများခါးကြပ်နေပါက အပင်ခြေရင်းကို မြေဆွ၍မြေတောင်မြှောက်
ပေးပါ။စိုက်ချိန်တွင်ရေကောင်းစွာလောင်းပေးရမည်ဖြစ်ပြီး ဆောင်းစိုက်တွင်ရေပိုမိုလိုအပ်၍ အသီးဖြိုင်ဖြိုင်သီးချိန်တွင်
ရေကိုအနည်းဆုံးတစ်ပတ်တစ်ကြိမ်သွင်းပေးရပါမည်။တိုင်ထောင်စိုက်ပျိုးပါက အညွန့်များကို ဆက်တိုက်ချည်ပေးရပါမည်။
အပင်ငယ်စဉ်တွင် ကျိုင်းများစားသောက်ဖျက်ဆီးတတ်၍ ထိသေပိုးသတ်ဆေးများဖြင့် နှိမ်နင်းပါ။ပျ၊ ယင်ဖြူ၊ လှေးကဲ့သို့
စုပ်စားပိုးများကို အထူးသတိထား ကာကွယ်ရပါမည်။ ဒေါင်းနီးရွက်ခြောက်၊ အစေးထွက်ရွက်ခြောက်၊ ရောဂါများ
ကျရောက်တတ်၍ မှိုသတ်ဆေးများဖြင့် ပင်ဖျန်းကာကွယ်ပါ။ဒေသမျိုးများသည် ရောဂါဒဏ်ပို၍ခံနိုင်ရည်ရှိသည်။
(၅) ဆွတ်ခူးခြင်း
သခွားသီးသက်လျင်မျိုးများတွင် ၄၀-၄၅ ရက်မှစ၍ ခူးဆွတ်နိုင်သည်။ ဈေးကွက်လိုအပ်မှုပေါ်မူတည်၍ အသီး
အရွယ်အစားအမျိုးမျိုးထား၍ ခူးဆွတ်ပါ။
(၆) မျိုးစေ့ထုတ်ခြင်း
ဒေသမျိုးများမှသာ မျိုးစေ့ထုတ်ယူပါ။
(၁) မျိုးစေ့ထုတ်ခြင်းအတွက် မိခင်ပင်စည် အဆစ်နံပါတ် ၈-၁၅ ဆစ်မှ မျိုးသီးယူပါ
(၂) ရောဂါပိုးမွှားကင်း၍ အရိပ်အောက်တွင် အသီးဇောက်ထိုးထောင်ထားပြီး တစ်ပတ်ခန့် သိမ်းဆည်းထားပါ။
(၃) အစေ့ရှိသောအပျော့ပိုင်းကို ခွဲထုတ်၍အစေ့ထုတ်ယူပြီး အချွဲနှင့်အတူ ၂၄ နာရီ ၁ ရက် အချဉ်ဖောက်ခံထားရပါမည်။
ထို့နောက် အချွဲပြောင်အောင် ဇကာဖြင့် ဖြေးဖြေးတိုက်ပြီး ရေပြောင်အောင်ဆေးပါ။
(၄) ဆေးပြီး(၄၅)မိနစ်အတွင်း နေရောင်အောက်တွင် နေ့ဝက်ခန့်ရေခြောက်အောင်လှန်း၍ အရိပ်တွင်(၂)ရက်
လေသလပ်ခံအခြောက်လှန်းပါ။အခြောက်လှန်းစဉ်လက်သန့်သန့်ဖြင့်မွှေပေးပါ။
(၅) ခြောက်သွေ့သောအစေ့ကို ပုလင်း၊သုံပုံးများတွင်ထည့်၍ လေလုံအောင်အဖုံးပိတ်ပါ။ ထိုသို့သိမ်းဆည်းရာတွင်
ထုံးကျောက်မှုန့်ကိုအိတ်နှင့်ချုပ်၍ အစိုဓါတ်ထိန်းရန်ထည့်ပေးပါ။