ဘင်္ဂလားဒေ့ရှ်၌ သွေးလွန်တုပ်ကွေးရောဂါစံချိန်တင်ဖြစ်ပွားနေ

ဘင်္ဂလားဒေ့ရှ်၌ သွေးလွန်တုပ်ကွေးရောဂါစံချိန်တင်ဖြစ်ပွားလျက်ရှိပြီး သေဆုံးသူ ၁,၀၀၀ ကျော်လာပြီဖြစ်ကြောင်းအာဏာပိုင်များကပြောကြားခဲ့သည်။ရာသီဥတုဖောက်ပြန်မှုကြောင့် ခြင်မှ တဆင့် ကူးစက်သောရောဂါဖြစ်ပွားမှုနှုန်းလည်းတိုးလာခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် အပူပိုင်းဒေသများတွင်သာ ဖြစ်ပွားတတ်သောရောဂါဖြစ်ပြီး အဖျားကြီးခြင်း၊ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊ကြွက်သားများ နာကျင်ခြင်းတို့ကိုဖြစ်စေကာ အဆိုးရွားဆုံးအခြေအနေများတွင်မူ သွေးထွက်လွန်ပြီး သေဆုံးသည်အထိဖြစ်စေနိုင်သည်ဟုလည်းသိရသည်။