နွားချေးအစားသုံးနိုင်တဲ့ ဒိုင်ဂျက်စတိတ်ဝက်ချေးမြေဆွေး

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ၊ အော်ဂဲနစ်မြေသြဇာဖြစ်သောမြေဆွေးနှင့် ဇီဝမြေသြဇာများပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေး တိုးစေသည်

ဒိုင်ဂျက်စတိတ်ဆိုသည်မှာ

ဒိုင်ဂျက်စတိတ်ဆိုသည်မှာ ဇီဝဓာတ်ငွေ့ထုတ်ရာတွင် တိရစ္ဆာန်ချေး၊ အပင်အမှိုက်များစသော အော်ဂဲနစ်ပစ္စည်းများကို လေမဲ့အချဥ်ဖောက်ခြင်းမှထွက်သော အကြွင်းအကျန်ဖြစ်သည်။ ဟူးမစ်အက်ဆစ်ဖြည့်ထားသော အော်ဂဲနစ်ပစ္စည်းများအနက် ဒိုင်ဂျက်စတိတ်မှပြုလုပ်သော မြေသြဇာသည် ဟူးမစ်အက်ဆစ် ပိုပါဝင်သည်။ ကောက်ရိုးနှင့် နွားချေးအစားထိုးအဖြစ် ကောက်ရိုးနှင့် ဝက်ချေးကိုသုံးနိုင်သည်။ ဟင်းစားပင်များ အရည်အသွေးမြင့်စေသဖြင့် သုံးသင့်သည်။

နွားချေးအစား ဝက်ချေးသုံးသော ဒိုင်ဂျက်စတိတ် နွားချေးဇီဝမြေသြဇာဖြစ်စဥ်

အကျိုးပြုမှု

ဆွေးမြည့်ဖြစ်စဥ် ၁၂ ပတ်သားတွင် အပင်အကျိုးပြုအသင့်တော်ဆုံးအနေအထားရှိသည့် အော်ဂဲနစ်ပစ္စည်းပါဝင်မှု

ဒိုင်ဂျက်စတိတ် နွားချေး /ဝက်ချေး  ဇီဝမြေသြဇာသည် ခရမ်းပင်ကြီးထွားမှုနှင့် ဇီဝကမ္မလုပ်ငန်းများကို အကျိုးပြုမှု

ခရမ်းပင်တွင် အက်စကောဘစ်အက်ဆစ်တိုးလာခြင်း

အော်ဂဲနစ်မြေသြဇာ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတစ်ဆင့် အပင်အတွက်လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

အော်ဂဲနစ်မြေသြဇာများ၏ ထောက်ခံနိုက်ထရိုဂျင်နှုန်းထားကဲ့သို့ ပြန်လည်ရရှိရန်လျှော့ချပြီး အော်ဂဲနစ်ဓာတ်မြေသြဇာ (၅ဝ%) ကို  ဇီဝဓာတ်ငွေ့ဒိုင်ဂျက်စတိတ် မြေသြဇာဖြည့်စွက်သုံးခြင်းဖြင့် ဘက်စုံအသုံးချခြင်းကို ဆောင်ရွက်သင့်သည်။

ဒိုင်ဂျက်စတိတ်၏ဆွေးမြည့်မှု လုပ်ငန်းစဥ်သည် စီအန် (C:N) အချိုးကို ထိန်းညှိရန်အဓိကဖြစ်ပြီး တဆင့်ဒိုင်ဂျက်စတိတ်တွင် ဟူးမစ်အက်ဆစ်ဖြစ်စဥ်တိုးလာသည်။ မြေဆွေး၏ ဆွေးမြည့်ကာလအလိုက် ဇီဝမြေသြဇာအဖြစ် ပိုမိုထိရောက်သည်။ ဒေသအလိုက် အော်ဂဲနစ် အလေအလွင့်များပေါများမှု၊ ရှားပါးမှုရှိနိုင်သည်။ နွားချေးရှားပါက ဒိုင်ဂျက်စတိတ်ဝက်ချေးဇီဝမြေဆွေးကို စနစ်တကျသုံးပါလျှင် အပင်ကြီးထွားမှုနှင့် ဇီဝကမ္မလုပ်ငန်း များကို မထိခိုက်ပါ။ အာဟာရဓာတ် လေလွင့်မှုနည်းသွားသည်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”