ပန်းဂေါ်ဖီ (ပန်းမုံလာ) စိုက်ပျိုးနည်း

ပန်းဂေါ်ဖီသည် ဂေါ်ဖီထုပ်ကဲ့သို့ အအေးကြိုက်သော်လည်း ဂေါ်ဖီထုပ်ထက် အပူဒဏ်ခံနိုင်သည်။ အေးပြီး အစိုဓာတ်အမြဲရရန်လိုသည်။
ရာသီဥတုခြောက်သွေ့နေလျှင် အပွင့်ဖြစ်မလာနိုင်ပါ။ ထို့ကြောင့်ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိုးအစားထက် ရာသီဥတုကပိုအရေးကြီးသည်။
စိုက်ပျိုးချိန်
တောင်ပေါ်ဒေသ- ဧပြီ၊ မေ၊ စက်တင်ဘာ၊ အောက်တိုဘာ
မြေပြန့်ဒေသ – စက်တင်ဘာ၊ အောက်တိုဘာ
ပျိုးထောင်ခြင်း
(၁၀Ž၂.၅) ပေ ရှိသောပေါင်ကို မြေစိုင်ခဲကလေးများရသည်အထိ ပြုပြင်ပေးပါ။ မြေများစွာညက်လျှင် ရေလောင်းသောအခါ
ကျပ်သိပ်သွားနိုင်သောကြောင့် လေဝင်လေထွက်မကောင်းပဲ အညှောင့်ပေါက်မှု နည်းလာနိုင်ပါသည်။
ပျိုးပေါင်ပေါ်တွင် မျိုးစေ့ကြဲရန် (၂) လက်မခြားမြောင်းဆွဲပြီး မျိုးစေ့ကိုညီညာစွာချ၍ အပေါ်မှ နွားချေးဆွေးမှုန့်ပါးပါးဖုံးအုပ်ပြီး
င်းပေါ်၌ စင်းပြီးကောက်ရိုးခြောက်များ ပါးပါးဖုံးအုပ်ကာ ရေရွှဲရွှဲလောင်းပေးရပါမည်။ တောင်ပေါ်ဒေသတွင် အပင်ပေါက်မစုံမီ
တစ်တောင်အမြှင့်မှ သက်ကယ်ကောက်ရိုးမိုးပေးရမည်။ (၃-၄)ရက် ကြာလျှင်အညှောင့်ပေါက်လာမည်။ (၁၂) ရက်ကြာလျှင် တန်းကြားကို မြေဆွပေါင်းရှင်း၊ (၂၀) ရက်ရလျှင် ယူရီးယားမြေသြဇာကို တစ်ပေါင်လျှင် (၅) အောင်စနှုန်းဖြင့် ရေဖျော်ပြီး ရေဝသည့်တိုင် လောင်းပေးရမည်။ ပျိုးနှုတ်နေစဉ် မိုးရွာပါက အမြစ်များကို ငှက်ပျောရွက်ဖြင့်ထုတ်ပြီး အမြစ်မခြောက်သွားစေရန် အမှောင်ခန်းထဲတွင် ရေစိမ်ပေးထားရမည်။ တစ်ဧကလျှင် မျိုးစေ့ (၁၀၀-၁၅၀) ဂရမ် လိုအပ်ပါသည်။
စိုက်ပျိုးခြင်း
ပျိုးဘောင်ပြုလုပ်စဉ်ကတည်းက စိုက်ခင်းကို ထယ်(၂)စပ်၊ ထွန် (၃) စပ်ဝင်၍ မြေပြုပြင်ပေးရမည်။
ပေါင်းမြက်၊ အမှိုက်၊ ကျောက်ခဲများ ကောက်ပစ်ပါ။ မိုးများသောဒေသများတွင်မြေချဉ်ငံဓာတ် ၆.၅ အထိထိန်းထားနိုင်ရန် ထုံးထည့်ပေးရန်လိုအပ်ပါသည်။ ရေသွင်းရေထုတ်မြောင်းများပြုလုပ်ပေးရပါမည်။ ပျိုးသက် (၃၅-၄၀)ရက်ရောက်လျှင် ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါသည်။
ညနေ(၃)နာရီနောက်ပိုင်းမှ ပြောင်းရွှေ့စိုက်ပျိုးခြင်း ပြုလုပ်သင့်ပါသည်။ စိုက်ကျင်းထဲသို့ ရေလောင်းထည့်၍ ရေခံပြီးရွေ့စိုက်ပါ။
သေသောအပင်များကို (၄-၅) ရက်အတွင်း ပြန်ဖြည့်ပေးရမည်။ ထိုထက်နောက်ကျလျှင် မူလအပင်ကိုမမီတော့ပါ။
ရွေ့စိုက်ပြီး (၁၀-၁၅)ရက်လျှင် အပင်ခါးဆွခြင်းကိုပြုလုပ်ပေးရမည်။ တစ်ပင်နှင့်တစ်ပင် (၁.၅-၂) ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂-၂.၅) ပေခြားထားပြီး စိုက်ပျိုးနိုင်ပါသည်။
မြေသြဇာကျွေးခြင်း
မြေသြဇာကျွေးရာတွင် စုစုပေါင်း ၃ ကြိမ်ကျွေးသင့်ပါသည်။
ပထမအကြိမ်- ရွေ့ပြောင်းစိုက်ပျိုးပြီး (၇-၁၀) ရက်ခန့်အကြာ
ဒုတိယအကြိမ်- ပထမအကြိမ်ထည့်ပြီး (၁၀)ရက်ခန့်အကြာ
တတိယအကြိမ်- ရွေ့စိုက်ပြီး (၁)လခန့်အကြာ
အပင်ပြုစုစောင့်ရှောက်ခြင်း
ကြားပေါင်းလိုက်ခြင်းဖြင့် ဓာတ်မြေသြဇာနှင့် မြေသားသမသွားပါသည်။ ရေကို တစ်ပတ် (သို့မဟုတ်) နှစ်ပတ်လျှင်တစ်ကြိမ်ကျ သွင်းပေးရန်လိုအပ်ပါသည်။
အပွင့်ကောင်းစွာပွင့်နေချိန်တွင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့်အရောင်ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း
အသားကြမ်း၍ အရသာ ခါးသက်လာတတ်ပါသည်။ ထို့ကြောင့် အပွင့်၏အချင်း (၂-၃) လက်မ အရွယ်ရောက်သောအခါ အပြင်အရွက်များကို စည်းပေးရပါသည်။ ပန်းဂေါ်ဖီတွင်စိန်ကွက်ဖလံ၊ ပိုးနဂါးများဆိုးရွားစွာကျရောက်တတ်၍ တမာပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းသင့်ပါသည်။
ခူးဆွတ်ရိတ်သိမ်းခြင်း
သက်တမ်းကိုလိုက်၍ ရွေ့စိုက်ပြီး (၂-၂.၅) လအကြာတွင် ပန်းပွင့်ကိုစတင်ခုတ်နိုင်ပါသည်။
အဝေးသို့တင်ပို့ပါက အရွက်ကို(၂-၃)ရွက်ချန်၍ နှုတ်ရပါသည်။ တစ်ဧကလျှင် ဂေါ်ဖီပန်းပွင့်မျိုးကိုလိုက်၍ တန်ချိန် (၅-၈) တန်ထွက်နိုင်ပါသည်။
ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းလမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်။