ဆေးရုံစာဖြေဌာန ၄ ခု ဖွင့်လှစ်ပေးရန် စီစဉ်ထား

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ဆေးဝါးကုသမှုခံယူနေကြရတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးရုံစာဖြေဌာန ၄ ခု ဖွင့်လှစ်ပေးဖို စီစဉ်ထားပါတယ်…. ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတိုရဲ့ ညှိနှိင်းထားချက်အရ လာမယ့် မတ် ၈ ရက်ကနေ ၁၈ ရက်အထိ ကျင်းပသွားမယ့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ပြီး ဆေးဝါးကုသမှုခံယူနေကြရတဲ့ ကျောင်းသားကျောင်းသူတွေ နစ်နာမှုမရှိစေဖို ရည်ရွယ်ကာ ဆေးရုံစာဖြေဌာန ၄ ခုကို ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်….