ရေစကြိုမြို့နယ်အတွင်း PDF က အမျိုးသမီးတစ်ဦးအား သေနတ်နှင် ပစ်ခတ်စဥ် ပြည်သူတစ်ဦးက ဝင်လုံး

မတ်လ ၇ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို၊အမှတ်(၅)ရပ်ကွက်၊ ရွာပိုးရပ်နေ (ဟင်းချက်ရောင်းသူ)အမျိုးသမီးတစ်ဦးအား နေအိမ်တွင်ရှိနေစဥ် အကြမ်းဖက် pdf (၁)ဦးသည် ဆိုင်ကယ်ဖြင့်စီးလာပြီး သေနတ် (အတို)ဖြင့် ပစ်ခတ်ရာ ကျော ဘက်(၂) ချက်သေနတ်ထိမှန်သွားကြောင်း သိရှိရပါသည်။
ဖြစ်စဥ်မှာ အကြမ်းဖက် pdf သည် ယခု ပစ်ခတ်ခံရသူ အမျိုးသမီး၏ ခင်ပွန်းဖြစ်သူအား သတ်ဖြတ်ရန် လာရောက်ခြင်းဖြစ်ပြီး ၎င်း၏ခင်ပွန်းအား မတွေ့သဖြင့် ဇနီးဖြစ်သူအား ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ယခင်တစ်ကြိမ်ကလည်း ၎င်း၏ခင်ပွန်းအား လာရှာဖူးကြောင်း၊ ယခု အကြိမ်တွင် ဇနီးဖြစ်သူအား ပစ်ခတ်စဥ် အနီးရှိ ပြည်သူတစ်ဦးက အကြမ်းဖက် pdf အား ဝင်ရောက်ဟန့် တားထိုးကြိတ်ရာ အကြမ်းဖက်သမားမှာ ၎င်းကိုင်ဆောင်သော ပစ္စတိုသေနတ် (၁)လက်၊ကျည်အိမ်၊ကျည်ဆံများနှင့် ဆိုင်ကယ်တစ်စီးတို့ ကျန်ရစ်ပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။
မဲလိမ်ပါတီ NLD က မွေးထုတ်ခဲ့သော NUG ပြည်ပြေးအစိုးရနှင့် အကြမ်းဖက်အဖွဲ pdf တိုသည် ဒလန်၊ ပျူစောထီးစသည့် ဝေါဟာ ရများကို အသုံးပြုပြီး သာမန်အရပ်သားများကို အကြောင်းမဲ့ ကြ်ကလေး၊ငှက်ကလေးများကဲ့သို သတ်ဖြတ်နေသည်မှာ အော့နှလုံးနာစရာကောင်းလှပါသည်။