ပြည်ထောင်စုအစိုးရ၏ အခွန်အကောက်ဥပဒေတစ်ရပ်ပြဌာန်း

ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများနှင့် ကွမ်းစား ဆေး အမျိုးမျိုးကို ၈၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံမည်ဖြစ်ပြီး ဘီယာအမျိုးမျိုးနှင့် တစ်လီတာတန်ဖိုး ၁၉၈၅၁ ကျပ်နှင့်အထက်ရှိသော အရက်မျိုးမျိုးကို ၆၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုအစိုးရ၏ အခွန်အကောက်ဥပဒေတစ်ရပ်ကို နစကမှ ပြဌာန်းလိုက်သည်။ ယင်းဥပဒေသည် ယခု ဧပြီ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်သည်။