ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ကောက်နုတ်ချက်

ဖေဖော်ဝါရီလ ၂ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က –

တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အစိုးရကို ကာကွယ်နေခြင်းမဟုတ်ဘဲ နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ကာကွယ်နေခြင်းဖြစ်။

စွမ်းရည်ရှိတဲ့ ကာကွယ်ရေး၊ စွမ်းအားရှိတဲ့ ကာကွယ်ရေး ဖြစ်စေဖို့အတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ပေးရမည်ဖြစ်တယ်လို့ မှာကြားခဲ့။