NUG နှင့်ဆက်သွယ်၍ Federal School of Aung Myay Thar Zan အမည်ဖြင့် Online  မှတစ်ဆင့် တရားမဝင်ပညာသင်ကြားမှုများကို   ဖမ်းဆီးရမိ

Federal School of Aung Myay Thar Zan ၏ ကျောင်းတာဝန်ခံ အိရွှေစင်မြင့် အား မန္တလေးတိုင်းအောင်မြေသာစံမြို့အိမ်မှာဖမ်းဆီးရမိခဲ့ပြီး ဒါ့အပြင် တင်တင်လတ်၊ စန်းစန်းဝင်း၊ ခိုင်မာသန်း၊ နေကြည်ဝင်း၊ ခင်ကြည်မာဝေ၊ အေးမြတ်မွန်၊ ကျော်စန်းထွေး၊ ဇော်မျိုးထွန်း၊ ခင်နွယ်ဦး၊ ယဉ်ယဉ်မင်း၊ ခင်မြတ်နိုး၊ ခိုင်မာဖြိုး၊ အိအိအောင်နှင့် ချောစုသန်း စုစုပေါင်း ၁၄ ဦးတို့အား ၎င်းတို့နေအိမ်အသီးသီး၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော NUG ၏ စေခိုင်းချက်ဖြင့် Federal School of Aung Myay Thar Zan အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ ကျောင်းသား/ကျောင်းသူများထံမှ ကောက်ခံရသည့် ငွေကြေးများအား ရဟန်းသံဃာများ၊ ဆရာ/ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံ သတ်ဖြတ်ခြင်း၊ နိုင်ငံတော်ပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသို့ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်လို့သိရပါတယ်။