စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ဧပြီလ ၄ရက်တွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ မင်းကွန်းဗုဒ္ဓဘာသာဘိုးဘွားရိပ်သာ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၃၅၁ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၁၆ ဦး၊ ခွဲစိတ်ရောဂါ ၄၀ ဦး၊ ကလေးရောဂါ ၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၆ ဦး၊ အရိုးရောဂါ ၂၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၄ ဦး၊ မျက်စိရောဂါ ၁၁၁ ဦး၊ သွားရောဂါ ၂၃ ဦးနှင့် အခြားရောဂါ ၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၄ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၂၂ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၉၇ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲ ခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁ ဦးအား နီးစပ်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းအပြင် ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြတယ်လို့လည်း သိရပါတယ်ရှင်…။