ဘင်္ဂလားဒေ့ရှ်နဲ့ပေါင်းပြီး ရခိုင်-ဘင်္ဂါလီ လူမျိုးရေး ပဋိပက္ခဖြစ်အောင် လုပ်နေတဲ့ AA

ဧပြီလ ၅ ရက် ဒီကနေ့ မနက်ပိုင်းက AA သောင်းကျန်းသူအဖွဲ့တွေဟာ မြောက်ဦးမြိုနယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ရွာသို့ ဝင်ရောက်လာပြီး ဘင်္ဂါလီရွာသားတွေကို အတင်းအဓမ္မဖမ်းဆီးခြင်းများပြုလုပ်ခဲ့တဲ့အပြင် တွေ့သမျှဘင်္ဂါလီတွေကိုလည်း အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၄ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာနေ ဘင်္ဂါလီလူမျိုး တစ်ဦးကို AA သောင်းကျန်းသူတွေက အကြောင်းမဲ့လာရောက်ဖမ်းဆီးခဲ့ပါသေးတယ်။ အဖမ်းမခံတဲ့အတွက် အဲဒီရွာသားကို AA သောင်းကျန်းသူတွေက ဓားဖြင့်ထိုးသတ်ရာ အနီးနားရှိ ရွာသူရွာသားများ စုဝေးရောက်ရှိလာတာကြောင့် AA သောင်းကျန်းသူတွေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

AA သောင်းကျန်းသူအဖွဲက အခုလိုမျိုး လက်နက်အားကိုးဖြင့် ဘင်္ဂါလီလူမျိုးတွေကို အနိုင်ကျင့်နှိပ်စက်နေတဲ့ ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် AA သောင်းကျန်းသူအဖွဲဟာ ဘင်္ဂလားဒေ့ရှ်နဲ့ပေါင်းပြီး ရခိုင်-ဘင်္ဂါလီ လူမျိုးရေး ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။