AA နှင့် RSO ပေါင်းပြီး မောင်တောမြောက်ပိုင်းအား ဝင်တိုက်ရန်စီစဉ်နေ

မောင်တောမြောက်ပိုင်းအား ဝင်တိုက်ရန်စီစဉ်နေ
ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏အကူအညီဖြင့် AA နှင့် RSO ပေါင်းပြီး မောင်တောမြောက်ပိုင်းအား ဝင်တိုက်ရန်စီစဉ်နေကြောင်းနယ်စပ်သတင်းများအရ သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လက်ရှိအစိုးရအဖွဲ့ဝင်စစ်တကောင်းတောင်တန်းဒေသရေးရာဝန်ကြီးဦးရွှေစိန်(ခ)ဘီဘာဟာဒူး၏ စီစဉ်ပေးမှုဖြင့်ယနေ့တွင် AA အဖွဲ့မှ ခေါင်းဆောင်အချို့နှင့်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ (RSO)မှ ခေါင်းဆောင်အချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရောဘန်ခရိုင်၊ နတ်ချောင် စရီမြို့နယ်၊ ဒူချယ်ရီချောင်းဖျားနှစ်နိုင်ငံနယ်စပ်မှတ်တိုင်၏ ၅၃ အနီး RSO အဖွဲ့၏ယာယီဌာနချုပ်စခန်း၌ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း နှစ်ဖွဲ့ပူးပေါင်း တိုက်ခိုက်နိုင်ရေး ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းသိရှိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ဝင် စစ်တကောင်းတောင်တန်းဒေသရေးရာ ဝန်ကြီး ဘီဘာဟာဒူး(ခ)ဦးရွှေစိန် ၏ဖခင်သည် ဂေါ်ရခါး လူမျိုးဖြစ်ကာမိခင်သည် ရခိုင်လူမျိုးတစ်ဦးဖြစ်ကြောင်း၊ ၎င်းသည်AA/RSO/ ARSA အဖွဲ့တို့အား စစ်တကောင်းတောင်တန်းဒေသအတွင်း အခြေပြုလှုပ်ရှားနိုင်ရေးအကူအညီ ပေးနေသည့် အပြင် နယ်စပ်မှတ်တိုင် ၄၀တစ်ဝိုက်၌ တပ် နှင့် AA အဖွဲ့တို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်းမှ ဒဏ်ရာရရှိခဲ့သည့် AA အဖွဲ့ဝင်များအား ကော့ဘဇားခရိုင်၊ ဇော်ကော်ရီယာ(CHAKARA) မြို့ရှိ ဆေးရုံ၌ ဆေးကုသနိုင်ရေး ကူညီဆောင်ရွက်ပေးထားသူ ဖြစ်ကြောင်း သိရှိရသည်။