ကရင်ပြည်နယ်တိုက်ပွဲအတွင်းက သူရဲကောင်းကြီး ဗိုလ်ကြီး သီဟသူရသန်းထူး

“မင်းတို့ အိမ်ပြန်ရင် ပြောလိုက်ပါကွာ မင်းတို့ရဲ့ မနက်ဖြန်အတွက် ငါရဲ့ ဒီနေ့ကိုပေးအပ်လိုက်တယ်လို့ကွာ”

ဗိုလ်ကြီး သီဟသူရသန်းထူး”
======================

ဗိုလ်ကြီး သန်းထူးသည် အမှတ်(၂) ခြေလျင်တပ်ရင်း အမှတ်(၁)တပ်ခွဲတွင် တပ်ခွဲမှူးတာဝန် ထမ်းဆောင်သူဖြစ်ပါသည်။၁၉၈၉ခုနှစ် မတ်လ ၂၄ရက်နေ့ တွင်မိမိတပ်မှရန်သူ့ မော်ဖိုးကေ စခန်း အားတိုက်ခိုက်သိမ်းပိုက်ရာတွင်ရှေ့ပြေးတပ်စုကို ဦးဆောင် ပြီး ရန်သူ့စခန်းရှိရှေ့ကာ သံဆူးကြိုးများ အခက်အခဲ အတားအဆီးများကို နည်းမျိုးစုံ အသုံးပြုကာ စွန့်စွန့်စားစားဖြတ်ကျော်ဝင်ရောက်ပြီး သူရသတ္တိ ပြောင်မြောက် စွာဖြင့် တပ်စုကို ဦးဆောင် တိုက်ပွဲ ဝင်သည့်အပြင် မိမိစစ်သည် အသက်ပေါင်းများစွာကို မိမိအသက် နှင့်လဲ၍ကယ်ဆယ်သွားပြီး တိုက်ပွဲဝင်အောင်မြင်ခဲ့သူဖြစ်ပါတယ်။

ဗိုလ်ကြီးသန်းထူးသည် ရန်သူ့လက်နက်ငယ် ဒဏ်ရာများရရှိထားသည့်ကြားမှ နောက်ဆုံး အကြိမ်တွင် တိုက်ပွဲတစ်ခုလုံး အလှည့်အပြောင်းဖြစ်သွားအောင် ရန်သူ့ဘန်ကာပစ်ပေါက်ကို မိမိခန္ဓာ ကိုယ်ဖြင့်ပိတ်ဆို့ကာပေးရင်း အသက်စွန့် တိုက်ပွဲဝင်သွားခြင်းတို့သည် ဗိုလ်ကြီး သန်းထူး၏ တိုက်ပွဲစဉ်တလျောက်လုံး တိုင်းပြည်အတွက် ၎င်း၏အသက်ကိုမငဲ့ကွက်ပဲ ကျရာတာဝန်ကို ကျေပွန်အောင်မြင်အောင်သူရသတ္တိရှိစွာဖြင့် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့သည့်
အပြင် တိုက်ပွဲ အောင်နိုင်ရေးအဆုံးအဖြတ်ကိုချီးကျူးဂုဏ်ပြုရလောက်အောင် အသက်နှင့်လဲ၍ဆောင်ရွက်သွားခဲ့ပါတယ်။

ယင်းကဲ့သို့ တပ်မတော်သား သူရဲကောင်း တို့၏စံနမူနာပြဖြစ်အောင် စွန့်လွှတ် စွန့်စား တိုက်ခိုက်ခဲ့ ခြင်းတို့ကြောင့် ဗိုလ်ကြီး သန်းထူးအားနိုင်ငံတော်မှသီဟသူရ ဘွဲ့အား ချီးမြှင့်လိုက်သည်။ဒီတိုက်ပွဲမှာပါတဲ့ အခြားသော
စစ်သည်တော်တွေလည်း စွမ်းရည်ဘွဲ့တွေရရှိခဲ့ပါတယ်….

ဒါက မော်ဖိုးကေ ရဲ့ ကဗ္ဗည်း မှတ်တမ်းပါပဲ..

ဒီစခန်းကြီးကို ရရှိဖို့ အသက်တွေ မြောက်မြားစွာ ရင်းနှီးခဲ့ကြရပါတယ်…

အခုထိလည်း ဒီစစ်သည်တော်တွေရဲ့. အညတြ အုတ်ဂူလေးတွေရှိနေဆဲပါ..

သောင်ရင်းမြစ်ရဲ့ ကမ်းနဖူးမှာ

“မင်းတို့အိမ်ပြန်ရင်ပြောလိုက်ပါကွာ
မင်းတို့ရဲ့မနက်ဖြန်အတွက်
ငါ့ရဲ့ဒီနေ့ကို ပေးအပ်လိုက်တယ်လို့ကွာ”
ဆိုတဲ့ သစ်သားဆိုင်းဘုတ်ကလေးနဲ့အတူ
သူတို့တွေရှိနေဦးမှာပါ…

ဒါက မော်ဖိုးကေ တိုက်ပွဲ က
သူရဲကောင်းတွေရဲ့ အညတြဇာတ်လမ်းလေးပါပဲ…

နှင်းတွေ ဝေနေတဲ့သောင်ရင်းကမ်းက
လွမ်းစရာတွေပေါ့…

တကယ်လို့များ ခင်ဗျား တို့
မော်ဖိုးကေ စခန်းဘက်ရောက်ခဲ့ရင်
မော်ဖိုးကေ ဆိုတဲ့ သမိုင်းဝင် စခန်းကြီးကို
လွန်ခဲ့သော နှစ်များဆီကတစ်နှစ်နီးပါးလောက်
တပ်ခွဲ မှူးတစ်ဦး အဖြစ်
တာဝန်ယူခဲ့ရတဲ့ အသားညိုညို ခပ်ပိန်ပိန် နဲ့
ဗိုလ်ကြီးတစ်ယောက်က သတိရနေပါတယ်
လို့ ပြောပေးကြပါ…..

 

Crd…..captain wana