တရားအတွေးနဲ့ပဲနေထိုင်ပါ

တရားအတွေးနဲ့ပဲ နေထိုင်ပါ

ကိုယ့်ဘ၀အတွက်
စိတ်ချမ်းသာမှုသဘာ၀အရှိတရားကို
ထုတ်လုပ်နိုင်တယ်ဆိုရင်
လူစွမ်းကောင်းလို့ ဆိုနိုင်ပါတယ် ။

ပိုက်ဆံများစွာရှိပြီးတော့
စိတ်သောကတွေရောက်နေရင်လည်း
လူ့ဘ၀ဟာ မပြည့်စုံပါဘူး ။

အခြံအရံတွေ များပြီးတော့
စိတ်တွေပူနေရတယ်ဆိုရင်လည်း
ဘ၀ဟာ လုံး၀မအေးချမ်းနိုင်ပါဘူး ။

ဘ၀ဟာ ရှိခြင်းမရှိခြင်း
များခြင်းမများခြင်းဆိုတာထက်
စိတ်ချမ်းသာရဖို့က ပဓာနကျပါတယ် ။

စိတ်ချမ်းသာစေဖို
အားဖြစ်စေတဲ့တရားအတွေးစတွေနဲ့
ကိုယ့်ဘ၀ကို တည်ဆောက်ထားရင်

နောက်ဆုံး အားကုန်လူပန်းလို့
ဘာမှမလုပ်နိုင်တော့တဲ့အရွယ်မှာ
စိတ်ချမ်းသာစွာ နေထိုင်နိုင်ပါတယ် ။

🙏🙏🙏 သာရဂဝေသီ🙏🙏🙏