ကယန်းပြည်သစ် လုံခြုံရေးဂိတ်အပါအဝင် ငါးနေရာကို ဗုံးကြဲတိုက်ခိုက်

ဇွန်လ ၁ရက်နေ့ မနက် ၄:၀၀ အချိန်ခန့်မှာ မိုးဗြဲမြို့ အနောက်ခြမ်းက ကယန်းပြည်သစ်တပ်မတော် KNLA ရဲ့ လုံခြုံရေးဂိတ်အပါအဝင် ငါးနေရာကို တပ်မတော်က လေယာဉ် (၅) စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။

မနက် ၄ နာရီလောက်ကနေ ၅ နာရီလောက်အထိ လေယာဉ် ၅ စီးနဲ့ ဗုံးလည်းကြဲသလို ပစ်လည်း ပစ်ခတ်ကြောင်း။ မိုးဗြဲရှိ စက်တော်ရာ၊ လွယ်လုံ၊ မြေနီကုန်းစတဲ့ ၅ နေရာလောက်က ကယန်းပြည်သစ်ရဲ့ လုံခြုံရေးဂိတ်တွေ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းနဲ့ အရပ်သားတွေတော့ ထိခိုက်မှုမရှိကြောင်း KMIC ရဲ့ တာဝန်ရှိသူက Karenni’s Voice ကို ပြောပြခဲ့ကြောင်းသိရပါတယ်။