နောက်ဆုံးရ မနက်ခင်းသတင်းတိုများ

ပီအက်စ်ဂျီအသင်းနည်းပြ ဂေတီယာကတော့ မက်ဆီတစ်ယောက် ယခုနွေ အသင်းမှ ထွက်ခွါတော့မှာ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ဆော်ဒီကလပ်အသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေတဲ့ ဘင်ဇီမာဟာ နောက်ဆုံးမှာတော့ ရီးရဲလ်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အင်တာမီယာမီ အသင်းကို နည်းပြနေတဲ့ မန်ယူအသင်းနောက်ခံလူဟောင်း ဖီးနဗီးလ်ဟာ ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

ရီးရဲလ်အသင်း တိုက်စစ်ကစားသမား အက်ဆန်စီယိုဟာ ပီအက်စ်ဂျီအသင်းထံ အလွတ်ပြောင်းရွှေ့ဖို့ ကြိုတင် သဘောတူညီမှု ရယူထားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ကတော့ အသင်းမှ ထွက်ခွါလိုနေတဲ့ အကြောင်းကို တာဝန်ရှိသူတွေထံ ကြိုတင် အသိပေးထားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။

ရိုးမား-ဆီဗီလာပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် တေလာနဲ့ ၎င်းရဲ့ မိသားစုဝင်တွေဟာ Budapest လေဆိပ်မှာ ရိုးမားပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် လှောင်ပြောင်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

လိဒ်အသင်းနည်းပြ ဆမ်အလာဒိုက်စ်ဟာ အသင်းပိုင်ရှင်တွေနဲ့ ဆွေးနွေးမှု အဆင်မပြေတာကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ထားကြောင်း သတင်းရရှိပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲတော့မယ့် မက်ဆီဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သတင်းရရှိပါတယ်။

ရိုနယ်ဒိုဟာ လာမယ့် ရာသီ ဆော်ဒီလိဂ်မှာ ဆက်ရှိနေဦးမှာ ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

မန်ယူအသင်းမှ ထွက်ဖို့ သတင်းထွက်နေတဲ့ မက်ဂွိုင်းယာဟာ နယူးကာဆယ်၊ စပါး၊ ဝက်စ်ဟမ်း စတဲ့ အသင်းတွေထံ ရောက်ဖို့ သတင်းထွက်ပေါ်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရိုးမားနဲ့ လမ်းခွဲဖွယ်ရှိနေတဲ့ မော်ရင်ဟိုကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သတင်းရရှိပါတယ်။

Credit