မင်္ဂလာပါ

လိုချင်မှုကအရာကျယ်ရင်
ဆင်းရဲမှုကလည်းအရာကျယ်မယ် ။

ဒုက္ခနည်းတယ်ဆိုတာ
အလိုဆန္ဒတွေ နည်းကြလိုပါပဲ ။

ချမ်းသာမှုကိုလိုချင်တယ်ဆိုရင်
လောဘကို ပါယ်ကြဖို့လိုပါတယ် ။

လိုချင်တာလည်းဆင်းရဲသလို
အလိုမကျတာလည်းဆင်းရဲပါတယ် ။

လတ်တလောဆင်းရဲတွေက
စိတ်နှလုံးသွင်းမမှန်မှုကနေလာလို
သတိထားပြီး စိတ်ထားမှန်ပါစေ ။

လောဘအားကြီးလာရင်
စိတ်ကောင်းလေးတွေနေရာမရပဲ
ဘ၀တွေ ပင်ပန်းပျက်စီးကြရမယ် ။

သတိပညာအားကြီးလာရင်
စိတ်ကောင်းလေးတွေနေရာရလာပြီး
ကိုယ့်ဘ၀ အေးချမ်းရပါတယ် ။

ကိုယ့်စိတ်တွေအေးချမ်းဖို
ကိလေသာတွေ မကြီးထွားစေပါနဲ့ ။

သူတော်ကောင်းတရားတွေကြီးပြီး
ကုသိုလ်ပါရမီတွေများနေမှ
ကိုယ့်ဘ၀ဟာ အေးချမ်းနေပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏