စစ်ကိုင်းတိုင်းတွင် PDF (၁၁) ဦး အလင်းဝင်ရောက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး PDFအပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများမှ လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ် လျက်ရှိသည်။

ဇွန်လ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ PDFအပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများမှ လက်နက်/ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာသူများကို ကြိုဆိုလက်ခံခြင်းပြုလုပ်ခဲ့ပါသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့မှPDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်တို့မှ PDFအဖွဲ့ဝင် အမျိုးသား ၈ ဦး စုစုပေါင်း ၁၁ ဦး ဦးရှိသည့်အနက် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ လက်နက်ဖြင့် အလင်းဝင်ရောက်လာသူ(၃)ဦးမှ တိုင်းမှူးထံ လက်နက်များ အပ်နှံကြသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်အတွင်းရှိ လက်နက်ဖြင့် အလင်းဝင်ရောက်လာသူ (၃)ဦးမှ ဝန်ကြီးချုပ်ထံ လက်နက်များ အပ်နှံကြသည်။

အလင်းဝင်ရောက်လာသူ လူငယ်များအား ဆုကြေးငွေများ ထောက်ပံ့ပေးအပ်ရာ မောင်းပြန် လက်နက်ဖြင့် အလင်းဝင်ရောက်လာသူ (၅)ဦးအား (၁)ဦးလျှင်ဆုကြေးငွေ သိန်း(၅၀)ကျပ်၊ ပစ္စတိုဖြင့် အလင်းဝင်ရောက်လာသူ(၁)ဦးအား ဆုကြေးငွေ (၂၅)သိန်းကျပ်၊ လက်နက်မဲ့ အလင်းဝင်ရောက်လာသူ (၅)ဦးအား (၁)ဦးလျှင် (၂၀)သိန်းကျပ်၊ စုစုပေါင်း(၃၇၅) သိန်းကျပ် တို့အားလည်းကောင်း၊ တိုင်းမှူးမှ အဝတ်အထည်နှင့် စားသောက်ဖွယ်ရာ များအား ချီးမြှင့်ထောက်ပံ့ပေးအပ်ခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

အလင်းဝင်ရောက်လာသူများ၊ မိဘဆွေမျိုးများနှင့် အခမ်းအနားတက်ရောက်သူများအား အလင်းဝင်အသိ အမှတ်ပြုကဒ်ပြားများပေးအပ်ခဲ့ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးခဲ့သည်။ လက်ရှိအချိန်ထိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်နယ်မြေများတွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၄၈ ဦးအား မိဘအုပ် ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ ပြီးဖြစ်ပါသည်။