ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့မှ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ……….

  • ပထမနေ့ ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်း နှင့် ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတို့နှင့် ပတ် သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက ၎င်းတို့၏ ဆန္ဒ သဘောထားများနှင့် လိုလားချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့။
  • ဒုတိယနေ့ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လျာထားသတ်မှတ်ထား သည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင် အထည်ဖော်မှုများ (ဇယား-၂)အား တစ်ချက်ချင်းအလိုက် ရှင်းလင်းဆွေးနွေးခဲ့။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်အား ပြင်ဆင်လိုသည့်အချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများမှ မိမိတို့၏သဘောထားအမြင်များကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များနှင့် “ဝ”ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ နိုင်ငံရေးဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ အတွင်းရေးမှူး(၂) စဝ်စိုင်းဆုတို့ တက်ရောက်ခဲ့။