ယင်းမာပင်မြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးတယ်လို့ Mizzima မှ သတင်းအမှားရေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ခြမ်းရှိ၊ စည်သူ သစ်ကွင်း တွင် သစ်ထုတ်နေသည့် အင်အား ၁၀၀ ခန့်ပါ စစ်တပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၁၀၇ မမ လက်နက်ကြီးဖြင့် ဩဂုတ်လ ၆ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးကာ ဒေသကာကွယ်ရေး ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်း Mizzima မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်ခြမ်းရှိ၊ စည်သူသစ်ကွင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပန်းတိန်ပြင်ရွာ အနီးမှ PDF ၁ လောင်း၊ M-22 ၁ လက်၊ လက်လုပ်မိုင်း ၁၈ လုံး၊ ဘက္ထရီ ၄ လုံး၊ လက်လုပ် ရှေ့ထွက်မိုင်း ၉ လုံး၊ ဝါယာကြိုး ၂ ခွေ စစ်တပ်ဘက်မှ သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Mizzima မှ ဖြစ်စဉ်အမှန်မရေးတဲ့အပြင် တပ်မတော်ကို တမင်အပုတ်ချကာ ၁၅ ဦးသေတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။