Khit Thit ကရေးတဲ့ စစ်သား ၁၅ ဦးသေတယ်ဆိုတဲ့ သတင်းအမှား

ဇူလိုင်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အကြည်ကတင်း ကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်တပ်၏ တပ်မ ၅၅၊ တပ်မ ၇၇၊ တပ်မ ၁၀၁ ပူးပေါင်းအင်အား ၁၈၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၆ ရက်နေ့နှင့် ဇူလိုင်လ ၁၇ ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အကြည်ကတင်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDFများ တိုက်ပွဲ့ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မဖော်ပြဘဲ အောက်တန်းကျစွာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သေတယ်လို့ ရည်ရွယ်ချက်ရှိရှိ အများအထင်လွဲမှားအောင်လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation