ငါန်းဇွန်းက အောင်သုခရွာကို အကြမ်းဖက်သမားတွေ မီးရှို့

မန္တးလေးတိုင်းဒေသကြီး၊ ငါန်းဇွန်းမြို့နယ် အောင်သုခကျေးရွာအတွင်းသို့ ဩဂုတ်လ ၁၆ ရက် နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်တွင်အကြမ်းဖက် PDF အင်အား ၅၀ ဦးခန့် ရောက်ရှိလာပြီး ကျေးရွာသားများကို ရွာမှာမနေရန် ခြိမ်းခြောက်မောင်းထုတ်ပြီး ရွာကို ဒလန်ရွာဟုဆိုကာ မီးရှို့သွားခဲ့ပါတယ်။

အကြမ်းဖက်အဖွဲ့၏ မီးရှိုခဲ့မှုကြောင့် အိမ်ခြေ ၃၀ နီးပါး မီးလောင်ပျက်စီးသွားကြောင်းသိရပါတယ်။