စစ်ခုံရုံးဖြင့် ချမှတ်ခဲ့သော ပြစ်ဒဏ်များ

Ø ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်၊ (၁၉)ရပ်ကွက်တွင် နေထိုင်၍ အကြမ်းဖက် ဆူပူ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ အကြမ်းဖက်အားပေး တရားခံ ကျော်ဇင်သက် (ခ)သက်နှင်းအား ရာ-၅၀၅-က(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် ချမှတ်
Ø ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်တွင် နေထိုင်၍ အကြမ်းဖက်သမား(၄)ဦးအား နေထိုင်ရန် နေရာအား စီစဉ်ဆောင်ရွက်ပေးခဲ့သူ အကြမ်းဖက်အားပေး တရားခံ တင်ကိုကိုအား အကဖ-၅၂(ခ)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ် ချမှတ်
Ø မြောက်ဥက္ကလာပမြိုနယ်တွင်‌ နေထိုင်၍ အကြမ်းဖက်ဆူပူဆန္ဒပြပွဲများတွင် ပါဝင် ခဲ့သူ အကြမ်းဖက်အားပေးတရားခံ သီဟဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ် ချမှတ်
Ø အကြမ်းဖက်ဒုစရိုက်မှုများ ကျူးလွန်ရန် ရည်ရွယ်၍ ဓားကိုင်ဆောင်ကာ သွားလာ ခဲ့ကြသော တရားခံများဖြစ်ကြသည့် လှိင်သာယာ(အရှေ့ပိုင်း)မြိုနယ်တွင် ရဲလင်းဦး၊ အောင်ကျော်စိုး(ခ)ကိုပန်း၊ သီဟကျော်၊ သန်းထိုက်၊ လှိင်သာယာ (အနောက်ပိုင်း) မြိုနယ်တွင် စိုးမိုးအောင်(ခ)မုန်တိုင်း၊ ချမ်းမြေ့အောင် (ခ)ဖိုးသဲ၊ အောင်လင်း(ခ) အောင်လေး၊ လှကျော်ဦး၊ ဟန်လင်းညီ(ခ)ထော်ကြီး၊ ရွှေပြည်သာ မြိုနယ်တွင် ကျော်မင်းသူ၊ ထွန်းထွန်းနိုင်၊ ထွန်းဝင်းနိုင်၊ မိုးကျော်(ခ)ဇော်ဇော်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)တွင် ရာဇာအောင်(ခ) ကျောင်းသား၊ မောင်ဇော်(ခ) နေဇာမွန်ပိ၊ ထွန်းထွန်းဝင်း၊ အောင်ဇေယျ၊ ဝေဖြိုးအောင်၊ အေးမြင့် စုစုပေါင်း တရားခံ (၁၉) ဦး အား လက်နက်-၁၉(င)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃)နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။