မင်္ဂလာဒုံမြို့နယ် “ကောင်း”လ္ဘက်ရည်ဆိုင်ရှေ့ယာဉ်တိုက်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာဒုံမြို့နယ်၊ သဃ်န်းကျွန်းကြီးကျေးရွာအုပ်စုအမှတ် (၃)လမ်းမ “ကောင်း” လ္ဘက်ရည်ဆိုင်ရှေ့တွင် ယမန်နေ့ည ၇ နာရီ ၅၀ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှု့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အမှတ် (၃) လမ်းမအတိုင်းစီးနင်းလာသော စက်ဘီးတစီးအား YBS 35 YGN-6 7-N 3390 ယာဉ်မောင်း ဦးကျော်စိုး (ဘ ဦးအောင်ဖြိုး ၃၆ နှစ်၊ မောင်းနှင်လာသော YBS 35 ယာဉ်သည် မြောက်ဥက္ကလာဘက်သို့ မောင်းနှင်လာရာမှ “ကောင်း”လ္ဘက်ရေဆိုင်ရှေ့ အရောက်တွင်(ဂငယ်ကွေ့)ကွေ့လိုက်ရာမှ ယာဉ်တိုက်မှု့ဖြစ်ပွားခဲ့​​ခြင်း​​ဖြစ်​​​ကြောင်း သိရသည်။

အဆိုပါ ယဉ်တိုက်မှု့ကြောင့် အမှတ (၃)လမ်းမအတိုင်း တောင်မှမြောက်ဘက်သို့ စက်ဘီးဖြင့် ၂ ယောက်တွဲစီးနင်လာသူ ဦးဇော်မင်းအောင်၊ ၃၀ နှစ်၊ ရွှေနံသာကျေးရွာအုပ်စု စံပါယ်လမ်း အမှတ် (၃၁၀)တွင်နေထိုင်သူမှာ YBS 35 ဖြင့်တိုက်ခံခဲ့ရပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့​​ကြောင်း၊ အမည်မသိ ကျန် ၁ ဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာများ ရရှိသဖြင့် မေဓာဝီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

PAN