ကိုယ်ဝန်ဖျက်ချသူအမျိုးသမီးအပေါ် ဘရူနိုင်း ထောင်ဒဏ် ၆လချမှတ်


ဘရူနိုင်းနိုင်ငံမှာ တရားဝင်ခင်ပွန်းဖြစ်သူနဲ့ရခဲ့တဲ့ ကိုယ်ဝန်ကို ဖျက်ချခဲ့တဲ့ အမျိုးသမီးတစ်ဦးအပေါ် ဇူလိုင် ၂၂ ရက်က ထောင်ဒဏ် ၆ လချမှတ်ခဲ့ပါတယ်။

ဘရူနိုင်းတရားရုံးတစ်ရုံးမှ တရားသူကြီး Hazarena Hurairah ဟာ ဒုတိယတန်းအစိုးရရှေ့နေ Raihan Nabilah Ahmad Ghazali ရဲ့လျှောက်လဲချက်ကို ကြားနာတဲ့အခါ “တရားခံဖြစ်သူ အသက် ၃၆ နှစ်ရှိ Nuralinda Abdul Majid @ Linda anak Maji သည် ကိုယ်ဝန် ၂၃ ပတ်ရှိနေချိန်မှာ ဖျက်ချခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ၏ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တွေကို အကိုးအကားပြုသိမ်းဆည်းထားကြောင်း” သိရပါတယ်။