ဒေါ်လီလီနိုင်ကျော်ကို သတ်ဖြတ်သွားတဲ့ ကောင်းဇာနည်ဟိန်း၏ မိသားစုကို PDF အကြမ်းဖက်များမှ နှုတ်ပိတ်သတ်ဖြတ်

ဇွန်လ ၆ ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာရှိ  မိဘမေတ္တာ ပုဂ္ဂလိက မူကြိုကျောင်း ဆရာမ၂ ဦးကို PDFအကြမ်းဖက်သမားများမှ ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်သွားကြောင်းသိရပါတယ်။

ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း၏ ထန်းတစ်ပင်မြိုနယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်(၉၀) အေးမေတ္တာလမ်းရှိ မိသားစုနေအိမ်သို့ ကောင်းဇာနည်ဟိန်းရှိစဉ်ကတည်းက အမြဲဝင်ထွက်သွားလာနေသူလူငယ်တစုမှကားဖြင့်ရောက်လာကြကာ ရယ်ရယ်မေါမေါစကားပြောဆိုနေကြရင်းမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကောင်းဇာနည်ဟိန်း၏ မိခင်ဖြစ်သူ ဒေါ်သဲမာလာဝင်း နှင့် အစ်မဝမ်းကွဲဖြစ်သူ မဆောင်းသဇင်ဦးတို့ သေနတ်ဒဏ်ရာများရရှိ၍ သေဆုံးခဲ့ပြီး ကောင်းဇာနည်ဟိန်း၏ ညီဖြစ်သူ အာကာချမ်းမြေ့နှင့် ညီမဖြစ်သူ ကြည်ဇင်သိမ့်တို(၂)ဦး လွတ်မြောက်ခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူများမှာဒေါ်လီလီနိုင်ကျော်ကို သတ်ဖြတ်သွားတဲ့ အကြမ်းဖက်သမား ကောင်းဇာနည်ဟိန်းရဲ့မိဘတွေဖြစ်ပြီး ၎င်းကိုဖမ်းမိစဥ် PDF များရှိတဲ့နေရာများကို ထုတ်ဖော်ထွက်ဆိုသွားတဲ့အတွက် PDF အချင်းချင်း ကျန်ရစ်သူ အစ်မနဲ့ အမေကို နုတ်ပိတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်းသိရပါတယ်။