ကိုရီးယားသို့ မြန်မာလုပ်သား ၁၅၀ ဦးကို တရားဝင်ထပ်မံစေလွှတ်

ကိုရီးယားသမ္မတနိုင်ငံ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၂၉) ဦး၊ စုစုပေါင်း (၁၅၀) ဦးသည် ယနေ့ (ဇွန် ၇ ရက်) တွင် ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ့် ရောက်ရှိခဲ့ကြောင်း ဆိုးလ်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ထို့ရောက်ရှိလာသော မြန်မာလုပ်သားများကို မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့သည်ဟုဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း ကိုရီးယားနိုင်ငံ့ မြန်မာလုပ်သား ၂၉၉ စေလွှတ်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။