လခရတာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များအား ဂုဏ်ပြုချီးမြှင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင် လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များ တက် ရောက်ခဲ့ကြတယ်လို့သိရပါတယ်။