နေပြည်တော် ပေါင်းလောင်းဆည်အနီး အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မည်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ရုရှားနိုင်ငံက Atomic Energy Corporation Rosatom နဲ့ ပူးပေါင်းပြီး နေပြည်တော်က ပေါင်းလောင်းရေလှောင်တမံအနီးမှာ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက် သွားနိုင်ရေး စီမံနေတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းစီမံကိန်း လုပ်ငန်းနေရာတွေ ဖြစ်တဲ့ ဇေယျာသီရိမြို့နယ် ဇီးရိုင်းကျေးရွာ၊ သစ်တော်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ၊ ပေါင်းလောင်းရေလှောင်တမံအနီးရှိ မြေနေရာတွေမှာ အပူစွမ်းအင်စီမံကိန်းအတွက် ကျောက်သား Mechanic ဆိုင်ရာများလေ့လာခြင်း၊ ရေရရှိနိုင်မှု၊ ငလျင်နှင့် ပြတ်ရွေ့များလေ့လာခြင်း၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ၊ သဘာဝပတ်ဝန်းကျင်အခြေအနေနှင့် လူမှုဘဝနေထိုင်မှုတို့ကိုလေ့လာခဲ့တယ်လို့ သိရှိရပါတယ်။

ဒါအပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ Floating Solar Power Project ကို ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာ တည်ဆောက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။