မင်္ဂလာနံနက်ခင်းပါ

ဘဝကိုရောင်ရဲတတ်တဲ့စိတ်နဲ့
ရိုးရိုးသားသားပဲ
နေတာကောင်းပါတယ် ။

မတော်တဲ့ဖိနပ်ကို
အတင်းအဓမ္မ စီးကြမယ်ဆိုရင်
ဘယ်လိုမှ အဆင်မပြေသလိုပဲ

လူဘဝမှာလည်း
မတော်တဲ့လောဘစိတ်တွေနဲ့
မတန်ရာတွေကို
အတင်းရှာယူကြမယ်ဆိုရင်

ဘယ်လိုမှ အဆင်မပြေပဲ
ပူလောင်စွာနေရတတ်ပါတယ် ။

မတရားမှုနဲ့ရှာတဲ့အရာတွေဟာ
မိမိကိုယ်စိတ်မချမ်းသာစေနိုင်လို့
ရှာမယူတာ အကောင်းဆုံးပါပဲ ။

ဒါကြောင့်….
ရသလောက်လေးနဲ့နေပြီးတော့
နေကြရသလောက်လေးမှာ
စိတ်ချမ်းသာမှုရအောင်ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏