ရုရှား-မြန်မာ ဆေးဝါးကောင်စီ ထူထောင်နိုင်ရေး ဆွေးနွေး


မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မြန်မာ-ရုရှား ဆေးဝါးကောင်စီထူထောင်ရေးကိစ္စရပ်များ ညှိနှိင်းအစည်းအဝေးကို ယမန်နေ့က Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီဇင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲဝင်များ၊ ရုရှားနိုင်ငံအခြေစိုက် “Chemrar” High-Tech Center ကုမ္ပဏီမှ Mr. Denis Yinokurov, International BD and Communication Director နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။