စက်သုံးလက်လီဈေး ဆက်တိုက်မြင့်တက် ပရီမီယံဒီဇယ်တစ်လီတာကျပ် ၂၆၀၀ နားကပ်လာ

စက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီ၉၂တစ်လီတာ ၂၄၀၀ကျပ် ဝန်းကျင်နဲ့ ပရီမီယံဒီဇယ် အမြင့်ဆုံးဈေး ၂၆၀၀ကျပ် ခန့်ဈေးအထိ ဖြစ်ပေါ်ကာ ဝယ်ယူသုံးစွဲနေရကြောင်း စက်သုံးဆီဝယ်ယူသုံးစွဲနေတဲ့ဈေးကွက် ကနေသိရပါတယ်။

စက်သုံးဆီ ဈေးနှုန်းတွေဟာ ဇန်နဝါရီလ ၁၂ရက်ကနေ စတင်ကာ ဓာတ်ဆီတစ်လီတာကို အနည်းဆုံးကျပ် ၂၀၀၀ကျော် ကို ရောက်ရှိလာတာဖြစ်ပြီးဈေးနှုန်းတွေက နေ့စဉ်ကျဆင်း ခြင်းမရှိပဲ ဆက်တိုက်မြင့်တက်နေတယ်လို့ဆိုပါတယ်။

စက်သုံးဆီဈေး မြင့်တက်လာခြင်းကို နိုင်ငံတကာစက်သုံးဆီဈေး နှုန်း မြင့်တက်နေခြင်းကြောင့်ဖြစ်တယ်လို့လည်း စက်သုံးဆီ ကော်မတီက ထုတ်ပြန်ပြောကြားထားပါတယ်။

ဒီကနေ့ စက်သုံးဆီ ကော်မတီရဲ့ ရည်ညွှန်းဈေး ထုတ်ပြန်ချက်မှာ ဓာတ်ဆီ၉၂တစ်လီတာ ၂၃၀၅ကျပ် ၊ ၉၅တစ်လီတာ ၂၃၈၅ကျပ်နဲ့ သာမာန်ဒီဇယ်တစ်လီတာ ၂၄၈၀ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာ၂၅၆၀ကျပ်ဈေးတွေသတ်မှတ်ထားပါတယ်။