ကိုကိုးကျွန်းမြို့နယ်ရှိ ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများလိုက်ပါ၍ ကိုကိုးကျွန်းမြို့နယ်ရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ် အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေ အထိမ်း အမှတ် ကျောက်တိုင် စိုက်ထူခြင်းအခမ်းအနားသို့ ဧပြီလ ၉ရက် နံနက်ပိုင်းတွင် တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလား ပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာ အောင်မြေ အထိမ်းအမှတ်ကျောက်တိုင်ကို စက် ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)က ပင်လယ် နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲ အထိမ်း အမှတ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါတယ်ရှင်…။