စစ်ကိုင်းတိုင်း ထီးချိုင့် ရင်ကွဲတောင်အဆင်း ကားတစ်စီး တိမ်းမှောက်

စစ်ကိုင်းတိုင်း ထီးချိုင့် ရင်ကွဲတောင်အဆင်းမှာ ကား တစ်စီး တိမ်းမှောက်လို့ ၁၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်က ပြောပါတယ်။

ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ထီးချိုင့်-ဇီးကုန်း-ကသာသွားကားလမ်း၊ ရင်ကွဲတောင်အဆင်းတွင် ကား (၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၁၄)ဦး စုစုပေါင်း ၂၀ ဦးအနက် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၄)တို့မှာ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား သပိတ်ကျင်း(၇)မိုင်ဆေးရုံသို့လည်းကောင်း၊ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁၀)ဦး(မစိုးရိမ်ရ)တို့အား ထီးချိုင့်ပြည်သူ့ဆေးရုံသို့လည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ပါတယ်လို့ မီးသတ်က ပြောပါတယ်။