အစ္စရေးက ရာဖာမြို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

ရာဖာမြို့ကိုဝင်ရောက်တိုက်ခိုက်ရင် လက်နက်မပိုတော့ဘူးလို ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ခြိမ်းခြောက်မှုကို အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုက ပယ်ချလိုက်တဲ့အချိန် ကြာသပတေး နေ့ (မေလ ၉ ရက်နေ့) မှာပဲ အစ္စရေးက ရာဖာမြိုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အမျိုးသမီး နဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ နောက်ဆုံးအကြိမ်အလွတ်သဘော စေ့စပ်ညှိနှိုင်းတာ အဆုံးသတ်သွားပြီဖြစ်တဲ့အတွက် အစ္စရေးနိုင်ငံအနေနဲ့ ရာဖာမြို့နဲ့ ဂါဇာကမ်းမြောင်ဒေသက တခြားနေရာတွေမှာ စီမံချက်ချထားတဲ့အတိုင်း စစ်ဆင်ရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစ္စရေး ထိပ်တန်းအရာရှိတစ်ဦးက ကြာသပတေးနေ့က ပြောဆိုလိုက်ကြောင်းသိရပါတယ်။ #Crd