မလေးရှား ဆီလန်ဂေါ လက်ကားဈေးကြီးမှာ မြန်မာနိုင်ငံသား ၂၂၇ ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၃ ရက်နေ့ ယနေ့မနက်အစောပိုင်းက မလေးရှားနိုင်ငံ Seri Kembangan မြို့က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အလုပ်သမားတွေအတွက် အချက်အချာကျတဲ့ ဆီလန်ဂေါ လက်ကားဈေးကြီးကို လူဝင်မှုကြီးကြပ်ရေးဌာနက ဝင်ရောက်စီးနင်းရာမှာ အမျိုးသား ၅၀၄ ဦးနဲ့ အမျိုးသမီး ၂၆ ဦး ပါဝင်တဲ့ နိုင်ငံခြားသား စုစုပေါင်း ၅၃၀ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ပြီး ၎င်းတို့အထဲမှာ မြန်မာနိုင်ငံသား (၂၇၇)ဦး၊ ဘင်္ဂလားဒေ့ရှ် (၉၄)ဦး၊ အိန္ဒိယ (၇၂)ဦး၊ အင်ဒိုနီးရှား (၃၉)ဦး၊ နီပေါ (၁၅)ဦး၊ သီရိလင်္ကာ (၉)ဦး၊ ပါကစ္စတန် (၆)ဦးနဲ့ ဗီယက်နမ်နိုင်ငံသားတစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။ #Crd