အမေရိကန်၊ ဗာဂျီးနီးယားတွင် လေယာဉ်ပျက်ကျမှုဖြစ်ပွား

အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ် Ingall လေဆိပ်အနီးတွင် လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လူကြီး ၄ ဦးနှင့် အရွယ်မရောက်သေးသူတစ်ဦး စုစုပေါင်း ၅ ဦးသေဆုံးကြောင်း ဗာဂျီးနီးယားပြည်နယ် ရဲတပ်ဖွဲမှ သတင်းထုတ်ပြန်သည်။

အင်ဂျင်နှစ်လုံးတပ် IAI Astra 1125 လေယာဉ်သည် မတ်လ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်တွင်ပျက်ကျခဲ့ကြောင်း FAA မှာ ပြောကြားခဲ့ပြီး ရဲတပ်ဖွဲမှ အဆိုပါလေယာဉ်အား ကိုယ်ပိုင်ဂျက်လေယာဉ်ဟု သတ်မှတ်ထားသည့် လေယာဉ်မှာ လေဆိပ်လမ်း 6200 ဘလောက်ရှိ တောအုပ်အတွင်းသို ပျက်ကျကာ မီးလောင်ကျွမ်းခဲ့သည်။

ဗာဂျီးနီးယားပြည်နယ်ရဲတပ်ဖွဲမှ မွန်းလွဲ ၂ နာရီ ၅၈ မိနစ်တွင် လေယာဉ် ပျက်မှုနှင့် ပတ်သတ်၍ ၎င်းတို၏ 911 စင်တာမှ ဖုန်းလက်ခံရရှိခဲ့ပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲများကို စေလွှတ်ခဲ့သည်။